Archive

Archive for October, 2011

ကျန်နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ ဘန်ကီးမွန်း တိုက်တွန်း

October 15, 2011 Leave a comment

လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ နိုင်ငံရေး အကျဉ်းသား ၂၀၀ ခန့်ကို လွှတ်ပေးခဲ့တာကို ကြိုဆိုလိုက်ပြီး အကျဉ်းထောင်တွေထဲမှာ ကျန်နေဆဲဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ခန့်ကိုပါ အမြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက တောင်းဆိုလိုက်ပါတယ်။

(Photo: AFP)

ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်မြို့တွင် ကျင်းပသော ၁၇ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး ပြင်ပတွင် အောက်တိုဘာ ၂၉ ရက်က ပြုလုပ်သည့် အာဆီယံ-ကုလသမဂ္ဂ အစည်းအဝေးတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (ဝဲ) တက်ရောက်နေပုံ ဖြစ်ပါသည်။ မြန်မာ စစ်အစိုးရ ဝန်ကြီးချုပ် ဦးသိန်းစိန်ကို နောက်တွင် မြင်ရပါသည်။ (Photo: AFP)

 

အကျဉ်းသား လွှတ်ပေးတာကို ကြိုဆိုကြောင်း၊ ဒါပေမယ့် ထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆောင် အနည်း ငယ်သာ ပါရှိကြောင်း၊ မြန်မာအစိုးရ အနေနဲ့ ဒီလွတ်ငြိမ်းချမ်းသာခွင့်ဟာ နိုင်ငံရေးအကျဉ်းသား အားလုံး ကို အစောဆုံး ပြန်လွှတ်ပေးနိုင်ဖို့ လုပ်ငန်းစဉ်ဖြစ်ပါစေလို့ မျှော်လင့်ကြောင်း မစ္စတာဘန်ကီးမွန်းက မနေ့က ကြာသပတေးက ထုတ်ပြန်တဲ့ ကြေငြာချက်ကို ကိုးကားပြီး ကုလသမဂ္ဂသမဂ္ဂ အတွင်းရေး မှူးချုပ်ရဲ့ ပြောခွင့်ရသူ Mr. Martin Nesirky ကပြောပါတယ်။ 

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရ အကြား ဆက်လက် ဆွေးနွေးနေတာ၊ တိုင်းရင်းသားအဖွဲ့တွေနဲ့ ညှိနှိုင်းနေတာတွေနဲ့ ပတ်သက်လို့ အသိမှတ်ပြု ကြိုဆိုကြောင်း၊ သက်ဆိုင်ရာ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေ အနေနဲ့ မြန်မာနိုင်ငံ စည်းလုံးညီညွတ်ရေး၊ နောက်ကြောင်း မလှည့်နိုင်မယ့် နိုင်ငံရေး ပြောင်းလဲမှုဖြစ်ပေါ်လာရေးနဲ့ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ စိတ်ခေါ်ချက် အခက်အခဲတွေ ဖြေရှင်းနိုင်ရေး အတွက် လက်ရှိ ဆောင်ရွက်ချက်တွေကို နှစ်ဆတိုး ဆောင်ရွက်စေလိုကြောင်းလည်း မစ္စတာဘန်ကီမွန်းရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Categories: News

ဦးတင်ဦး ပြောဆိုချက် ရိုဟင်ဂျာခေါင်းဆောင် ကန့်ကွက်

October 15, 2011 Leave a comment

ကာကွယ်ရေး ဦးစီးချုပ်ဟောင်း လက်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒု-ဥက္ကဌ ဦးတင်ဦးရဲ့ ဘဝဖြတ်သန်းမှု တွေကို အပတ်စဉ် တနင်္လာနေ့တိုင်း RFA ကတင်ပြနေတဲ့ “ပြည်သူ့ဖက်က ဗိုလ်ချုပ်ကြီး တယောက်” အစီအစဉ်မှာ ရခိုင်ပြည်နယ်ကို သူပြောင်းရွှေ့ရောက်ရှိသွားခဲ့စဉ်က အတွေ့အကြုံတွေကို အောက်တိုဘာ ၃ ရက်နေ့က တင်ပြခဲ့ရာမှာ ပြောကြားချက်တချို့ကို (BRANA) ခေါ် မြောက်အမေရိကဆိုင်ရာ မြန်မာရိုဟင်ဂျာ အစည်းအရုံးက ကန့်ကွက်ခဲ့ပါတယ်။

RFA

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်ရှိ ဌာနချုပ်ရုံးတွင် တွေ့ရပုံ ဖြစ်ပါသည်။(Photo: RFA)

 

လွတ်လပ်တဲ့အာရှအသံ ရုံးချုပ်ကို ဒီကိစ္စအတွက် လာရောက်ခဲ့တဲ့ BRANA ရိုဟင်ဂျာ အစည်းအရုံး ဥက္ကဌ ဒေါက်တာ ဝါကာအူဒင်း ကို ဦးတင်ဦး ရဲ့ “ပြည်သူ့ဖက်က ဗိုလ်ချုပ်ကြီး တယောက်” အစီအစဉ် တာဝန်ယူ တင်ဆက်သူ ဦးခင်မောင်စိုး က စတူဒီယို အမှတ် ၁၁ မှာ တွေ့ဆုံမေးမြန်း ခဲ့တာကို နားဆင်ပါ။ 

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
Categories: News

အလုပ်သမားတွေ သပိတ်မှောက်ခွင့် ဥပဒေ ပြဌာန်း

October 15, 2011 Leave a comment

အလုပ်သမားတွေ အဖွဲ့အစည်းဖွဲ့ခွင့်နဲ့ သပိတ်မှောက်ခွင့်ပါတဲ့ ဥပဒေတစ်ရပ်ကို ပြည်ထောင်စု သမ္မတ နိုင်ငံတော်၊ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုးပြီး အောက်တိုဘာ ၁၁ ရက်နေ့က ပြဌာန်းလိုက်ပါတယ်။

(Photo: AFP)

ရန်ကုန်မြို့ရှိ အထည်စက်ရုံတခုတွင် အလုပ်သမားများကို နေ့လည်စာ စားချိန် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)

 

ဒီ အလုပ်သမား အဖွဲ့အစည်း ဥပဒေအရ The Trade Unions Act 1926 ၁၉၂၆ ခုနှစ် အလုပ်သမား သမဂ္ဂ အက်ဥပဒေကို ဖျက်သိမ်းလိုက်တယ်လို့လည်း ဖော်ပြပါတယ်။ 

အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ ကာကွယ်စောင့်ရှောက်ဖို့၊ အလုပ်သမား အချင်းချင်းကြား၊ အလုပ်ရှင်နဲ့ အလုပ်သမားကြား ဆက်ဆံရေး ကောင်းမွန်စေဖို့နဲ့ အလုပ်သမား အဖွဲ့အစည်းတွေကို စနစ်တကျ လွတ်လွတ်လပ်လပ် ဖွဲ့စည်းဆောင်ရွက်နိုင်ဖို့ ပြည်ထောင်စု လွှတ်တော်ကနေ ဒီဥပဒေကို ပြဌာန်းလိုက်တာလို့ ဆိုထားပါတယ်။ 

ဒါဟာ နိုင်ငံတကာမှာ ဖွဲ့စည်းတဲ့ အလုပ်သမား သမဂ္ဂပုံစံမျိုး မဟုတ်ဘဲ အရင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် လက်ထက်က ဖွဲ့စည်းခဲ့တဲ့ အလုပ်သမား အစည်းအရုံးနဲ့ ဆင်တူတယ်လို့ ရန်ကုန်မြို့က ရှေ့နေကြီး ဦးရောဘတ်စန်းအောင်က ရှုမြင်ပါတယ်။ 

“ကြည့်ရတာကတော့ အရင် မဆလခေတ်က အခြေခံ အလုပ်သမား အစည်းအရုံး ပုံစံမျိုးပါပဲ။ မြို့နယ် ခရိုင် တိုင်း ဗဟို ဆိုပြီးတော့ ဖော်ပြထားတယ်။ လွတ်လွတ်လပ်လပ် ဖွဲ့စည်းခွင့် ရမယ်ဆိုတဲ့ အနေအထားမျိုး မရှိဘူး။ မှတ်ပုံတင်ဖို့ဆိုတာ ပါနေတယ်။ အလုပ်သမားထုကို ကိုယ်စားပြုတဲ့ အစည်းအရုံးလို့တော့ ကျနော်တို့ မသုံးသပ်မိဘူး” 

အခန်း ၁၄ ခန်းပါရှိတဲ့ ဒီ ဥပဒေ အခန်း (၁) အပိုဒ် (ဆ) မှာ သတ်မှတ်ချက်တွေနဲ့တကွ ဖော်ပြထားတဲ့ သပိတ်မှောက်ခြင်း ဆိုတဲ့ စကားရပ်ပါရှိပြီး အခန်း (၃) မှာ အလုပ်သမား အဖွဲ့အစည်း မှတ်ပုံတင်ရမယ့် စည်းကမ်းချက်တွေကို ဖော်ပြထားပါတယ်။ နိုင်ငံတော် သမ္မတက တာဝန်ပေးအပ်တဲ့ မှတ်ပုံတင် အရာရှိချုပ်က မြို့နယ် မှတ်ပုံတင် အရာရှိကို တာဝန်ပေးအပ်ရမယ်လို့ ပါရှိပါတယ်။ 

ဒီ အခန်း (၃) အပိုဒ် (၁၀ ) မှာ သက်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်းဟာ မိမိ အဖွဲ့အစည်းနဲ့ လိုက်လျောညီထွေ ဖြစ်ပြီး ဒီ ဥပဒေပါ ပြဌာန်းချက်တွေနဲ့ မဆန့်ကျင်စေဘဲ ဒီဥပဒေက သတ်မှတ် ထားတဲ့ အချက်တွေပါဝင်တဲ့ အလုပ်သမား အဖွဲ့အစည်းရဲ့ ဖွဲ့စည်းပုံ စည်းမျဉ်းတွေကို အဖွဲ့အစည်းဝင် အများစုရဲ့ သဘောတူညီချက်နဲ့ ရေးဆွဲရမယ်လို့လည်း ပါရှိပါတယ်။ 

ဒီကန့်သတ်ချက် တွေကြောင့် ပုဂ္ဂလိကတွေ အနေနဲ့ အလုပ်သမား အဖွဲ့အစည်း ဖွဲ့စည်းခွင့်ရမယ့် အခွင့်အလမ်း နည်းပါးတယ်လို့ ရှေ့နေကြီး ဦးရောဘတ်စန်းအောင်က သုံးသပ်ပါတယ်။ 

“ပုဂ္ဂလိက အနေနဲ့ကတော့ အလုပ်သမား အစည်းအရုံး ဖွဲ့လို့ရမှာ မဟုတ်ဘူး။ အလုပ်သမားထုရဲ့ အကျိုးစီးပွားကို လက်တွေ့ ဆောင်ရွက်နေတဲ့ စမ်းချောင်းက ကိုသက်ဝေ ခေါ် ကိုပေါက်စတို့ သင်္ကန်းကျွန်းက ဒေါ်အေးရင်သန်းတို့ စတဲ့ သူတွေက လုပ်ကိုင်ခွင့် ရမယ် မထင်ဘူး။ မှတ်ပုံတင်တာ လိုင်စင်လျှောက်ရမယ့် အနေအထား ရှိတယ်” 

ဒီ ဥပဒေမှာ တားမြစ်ချက်နဲ့ ဒီ တားမြစ်ချက်တွေကို ဖောက်ဖျက်ရင် ပြစ်ဒဏ် ချမှတ်နိုင်တဲ့ အကြောင်းကိုလည်း ပြဌာန်းထားပါတယ်။

Categories: News

မြန်မာနိုင်ငံအပေါ် ဘဏ္ဍာရေး ပိတ်ဆို့မှုဆက်ထားဖို့ FTUB တောင်းဆို

October 15, 2011 Leave a comment

အောက်တာဘာလ ၁၂ရက်နေ့က သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် FTUB အဖွဲ့ဝင်တွေ ပါဝင်တဲ့ အတွက် ကြိုဆိုကြောင်း ကြေညာချက် ထုတ်ပြန်လိုက်သလို လွတ်မြောက်လာခြင်း မရှိသေးတဲ့ အဖွဲ့ဝင်၁၈ဦးကိုလည်း ပြန်လွှတ်ပေးဖို့ FTUB ဒီကနေ့ တောင်းဆိုလိုက် ပါတယ်။

Photo Courtesy of Conference Organizers

နိုင်ငံတကာ မြန်မာ့ ဒီမိုကရေစီ အင်အားစုများ ညီလာခံကို အမေရိကန် ပြည်ထောင်စု အင်ဒီယာနာ ပြည်နယ် ဖို့ဝိန်းမြို့ရှိ အင်ဒီယာနာ တက္ကသိုလ်-ပါဒူးတက္ကသိုလ်မှာ မတ်လ ၅ ရက်နှင့် ၆ ရက်နေ့များတွင် ကျင်းပခဲ့ရာ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင် (အလယ်) တက်ရောက်နေပုံ ဖြစ်ပါသည်။ (Photo Courtesy of Conference Organizers)

 

တစ်ဆက်တည်းမှာပဲ အခုလို အကျဉ်းသားများ ပြန်လွှတ်ဖို့ ပြောဆိုကြတဲ့ အပြည်အပြည်ဆိုင်ရာ အဖွဲ့ အစည်းတွေကိုလည်း ကျေးဇူးတင်တယ်လို့ ဖော်ပြထားသလို ဖမ်းဆီးထိန်းသိမ်းထားစဉ် ကွယ်လွန်ခဲ့ရသူ ဦးအောင်မြင့်သိန်းနဲ့ ပတ်သက်ပြီး အပြည်အပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် ILO နဲ့ ITUC တို့ က စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ဖို့ အတွက်လည်း မျှော်လင့် ထားတယ်လို့ ဆိုပါတယ်။ 

ခုလို အစိုးရက အကျဉ်းသားတွေ ပြန်လွှတ်ပေးတာ၊ လွတ်လပ်တဲ့ သင်းပင်းဖွဲ့စည်းခွင့် ပေးလိုက်တာနဲ့ ပတ်သက်ပြီး FTUB အတွင်းရေးမှူး ဦးမောင်မောင်က အခုလို ပြောပါတယ်။ 

“လာမယ့် နိုဝင်ဘာမှာ ILO က လုပ်မယ့် အစည်းအဝေးမှာ အကယ်၍များ မြန်မာပြည်မှာ လွတ်လပ်တဲ့ အသင်းအပင်းတွေ ဖွဲ့ခွင့် မပေးဘူးဆိုရင် ILO အတွင်းမှာ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့ဖို့ကိစ္စ ရှိတယ်။ ဒါကို ရှောင်ရှားတဲ့ အနေနဲ့ ကျနော့် ရဲဘော်တွေ လွှတ်လာလည်း ဖြစ်တယ်။ ILO အတွင်းမှာ စုံစမ်းစစ်ဆေး အရေးယူမယ် ဆိုတဲ့ ကိစ္စ ရှိနေတဲ့ အတွက်လည်း လွတ်လပ်တဲ့ အသင်းအပင်းတွေ ဖွဲ့ခွင့် ပေးတာ ဖြစ်တယ်လို့ ကျနော် ထင်တယ်” 

FTUB ရဲ့ ကြေညာချက်မှာ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှု အခြေအနေတွေ မြင်တွေ့နေရပေမယ့် မူးယစ်ဆေးဝါးငွေတွေ၊ ငွေဖြူခဝါချမှုတွေ ကတော့ အခုအချိန်အထိ ထိန်းသိမ်းနိုင်တဲ့ အနေအထားကို မမြင်ရသေးသလို စစ်လက်နက် ထုတ်လုပ်မှုတွေ လုပ်နေတာလည်း ရှိနေကြောင်း၊ ဒါကြောင့် မြန်မာနိုင်ငံကို ဘဏ္ဍာရေးဆိုင်ရာ တားဆီး ပိတ်ပင်မှုတွေ အပြည်ပြည်ဆိုင်ရာက ဆက်ပြီးလုပ်ဆောင်ဖို့ လိုတယ်လို့ ဖော်ပြထား ပါတယ်။

Categories: News

ဂျပန်လာရင် ဝန်ကြီး ကို ဆန္ဒပြမယ်

October 15, 2011 Leave a comment

မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ ရှေ့တစ်ပတ် အောက်တိုဘာ (၂၀)ကနေ (၂၂)နေ့ထိ (၃) ရက်ကြာ ဂျပန်နိုင်ငံကို အလည်အပတ် သွားရောက်မယ်လို့ ဂျပန်နိုင်ငံက လာတဲ့ သတင်းတွေအရ သိရပါတယ်။

 

သမ္မတ ဦသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အရ နိုင်ငံရေးအကျဉ်းသား(၂၀၀)ကျော် ပြန်လည် လွတ်မြောက်လာအပြီးမှာ ဦးဝဏ္ဏမောင်လွင်ရဲ့ ဂျပန်ခရီးစဉ် ပေါ်လာတာ ဖြစ်ပါတယ်။ 

နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်အနေနဲ့ ဂျပန်နိုင်ငံကို ရောက်ရင် ဂျပန်အစိုးရရဲ့ ဘယ်လို အဆင့်ရှိ ပုဂ္ဂိုလ်တွေနဲ့ တွေ့မယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေ ကတော့ ဦးဝဏ္ဏမောင်လွင်ကို ဆန္ဒပြကြမယ်လို့ မြန်မာ့အရေးလှုပ်ရှားသူ တိုကျိုမြို့က ဦးသန်းဆွေက RFAကို ပြော ပါတယ်။ 

“ကျနော်တို့တွေကတော့ ကြံ့ဖွံ့အစိုးရနဲ့ ပတ်သက်ပြီးတော့ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးတဲ့ကိစ္စ၊ ပြုပြင်ပြောင်းလဲရေး လုပ်နေတဲ့ ကိစ္စတွေဟာ ကျေနပ် လက်ခံဖွယ်ရာ မရှိတဲ့ အတွက်ကြောင့်မို့လို့ ဒါကိုကန့်ကွက် ဆန္ဒပြဖို့တော့ ရှိနေပါတယ်။ တဘက်ကလည်း ဦးသိန်းစိန်အစိုးရ ကမ္ဘာကို လိမ်ညာပြီးတော့ သွားနေတယ်ဆိုတာကို သိဖို့နဲ့ တစ်ဘက်ကလည်း ဂျပန်အစိုးရကို အသိပေးဖို့ ဖြစ်ပါတယ်” 

မြန်မာနိုင်ငံကိုပေးတဲ့ ODA လို့ခေါ်တဲ့ ဂျပန်ရဲ့ နိုင်ငံရပ်ခြား အကူအညီတွေကို ၂၀၀၃ ဒီပဲရင်း တိုက်ခိုက်မှု နောက်ပိုင်း ရပ်ဆိုင်း ထားခဲ့ပေမယ့် အခုတော့ ပြန်ပေးဖို့ ဂျပန်အစိုးရဘက်က စိတ်အား ထက်သန်နေကြောင်း လေ့လာသူတွေက ပြောဆိုကြပါတယ်။ 

လက်ကိုင်ဖုန်းအပါအဝင် အရေးကြီး လျှပ်စစ်ပစ္စည်းတွေမှာ သုံးတဲ့ ရှားပါးသတ္တု တစ်မျိုးကို မြန်မာနိုင်ငံက ထုတ်ယူနိုင်တဲ့ အခြေအနေ ရှိတာမို့ ဂျပန်စီးပွားရေး ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှု လုပ်ဖို့ စိတ်အား ထက်သန်နေကြောင်း အမည်မဖော်တဲ့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိကို ကိုးကားပြီး ကျိုးဒိုး သတင်းဌာနက ရေးသားပါတယ်။ 

ဂျပန် မြန်မာ ဆက်ဆံရေး နောက်ဆုံးအခြေအနေနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံအရေး လေ့လာသူ ဂျပန်နိုင်ငံက ဦးတင်ဝင်းကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။ 

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
Categories: News

နိုင်ငံရေး အကျဉ်းသားတစ်ဦး အထမ်းသမားအဖြစ် ရှေ့တန်း အပို့ခံရ

October 15, 2011 Leave a comment

နိုင်ငံရေးအကျဉ်းသား တစ်ဦး ပေါ်တာအထမ်းသမားအဖြစ် ရှေ့တန်း အပို့ခံခဲ့ရပြီး ရှေ့တန်းမှာ မိုင်းထိမှန်ကာ ခြေတစ်ဘက် ပြတ်သွားပါတယ်။

 

အဲဒီ ခြေတစ်ဘက်ပြတ်သွားတဲ့ နိုင်ငံရေးအကျဉ်းသား ကိုတင်ထွန်းအောင်ကို မင်္ဂလာဒုံစစ်ဆေးရုံမှာ ဆေးရုံ တင်ထားရာက သမ္မတ ဦးသိန်းစိန် ထုတ်ပြန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့နေ့ မတိုင်ခင် စက်တင်ဘာ ၂၅ ရက်နေ့က မင်္ဂလာဒုံ စစ်ဆေးရုံကနေ ပြန်လွှတ်ပေးလိုက်ပါတယ်။ ကိုတင်ထွန်းအောင် မင်္ဂလာဒုံ စစ်ဆေးရုံမှာ တက်နေစဉ် မိုင်းထိတဲ့ အထမ်းသမား ၇ဦး ရှိတယ်လို့ ကိုတင်ထွန်အောင်က ပြောပါတယ်။ 

သာမန်အားဖြင့် နိုင်ငံရေးပုဒ်မနဲ့ အကျဉ်းကျသူတွေကို အထမ်းသမား ပေါ်တာအဖြစ် ပို့လေ့မရှိပေမယ့် ကိုတင်ထွန်းအောင်ကတော့ သူ့ကို ဘာကြောင့် ခုလို ခေါ်သွားတယ်ဆိုတာ မသိဘူးလို့ ပြောပါတယ်။ 

ဒီကိစ္စနဲ့ ပတ်သက်ပြီး အကျဉ်းထောင်က ပြန်လည် လွတ်မြောက်လာသူ ကိုဇာဂနာက အခုလို ပြောပါတယ်။ 

“ကျနော့် ဘယ်လိုပြောရမှန်း မသိအောင်ကို တော်တော် တုန်လှုပ်သွားတယ်။ အဲသလိုမျိုး ရက်ရက်စက်စက် ဖြစ်ရတဲ့ အဖြစ်အပျက် ဒါကို အားလုံး သိစေချင်တယ်။ အဲဒီတော့ ကျနော်ကတော့ လောလောဆယ် လူ့အခွင့်အရေးကော်မရှင် ဦးဝင်းမြတို့ ခေါင်းဆောင်တဲ့ အဖွဲ့ ရှိနေတဲ့ အခါကျတော့ အဲဒီကို ဒီကိစ္စမျိုး တင်ပြသင့်တယ်လို့ ကျနော်ထင်ပါတယ်” 

ကိုတင်ထွန်းအောင်ဟာ ဒဂုံတက္ကသိုလ် မြန်မာစာ ဒုတိယနှစ် ကျောင်းသားဖြစ်ပြီး ၂၀၀၈ခုနှစ်က မျိုးဆက်သစ် လူငယ်များ အစည်းအရုံးနဲ့ ဆက်သွယ်မှု ပုဒ်မ ၅၀၅ (ခ) နဲ့ ထောင်ဒဏ် ၈နှစ် အမိန့် ချခံရပြီး ပဲခူးထောင်က တစ်ဆင့် ဘားအံထောင် အဲ့ဒီကမှ ကရင်ပြည်နယ်ကို အထမ်းသမား အဖြစ် ပါသွားခဲ့တာ ဖြစ်ပါတယ်။ 

ကိုတင်ထွန်းအောင် ကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။ 

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
Categories: News

Interview with President adviser U Ko Ko Hlaing (part-2)

October 14, 2011 Leave a comment

ဧရာဝတီ အပိုင်း (၁)

October 14, 2011 Leave a comment
Categories: Special Programs

နိုင်ငံရေးအကျဉ်းသားများရဲ့ အသံ

October 14, 2011 Leave a comment

သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ အောက်တိုဘာလ ၁၂ ရက်နေ့က တခြား အကျဉ်းသားတွေနဲ့အတူ နိုင်ငံရေး အကျဉ်းသား ၂၀၀ လောက် လွတ်မြောက်လာပါတယ်။ ဒီနိုင်ငံရေး အကျဉ်းသားတွေထဲက RFA လွတ်လပ်တဲ့ အာရှအသံက ဆက်သွယ်မေးမြန်းခွင့်ရခဲ့သူတွေရဲ့ ပြောပြချက်တွေကို နားဆင်နိုင်ပါတယ်။

RFA

နိုင်ငံရေးအကျဉ်းသားများရဲ့ အသံ


ဇာဂနာ
“တကယ်ဆို ထောင်က လွတ်တာပျော်စရာပေါ့။ ဒါပေမဲ့ ကျနော်မပျော်နိုင်ဘူး။ သူငယ်ချင်းတွေ အများကြီး ထောင်ထဲမှာကျန်ရစ်ကြတယ်။” ဇာဂနာလွတ်မြောက်ပြီး မကြာမီ ကိုဇာဂနာနဲ့ ကိုညိုတို့ ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။ 

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

ဇာဂနာ
ဇာဂနာလွတ်မြောက်ပြီး မကြာမီ ကိုဇာဂနာနဲ့ ကိုအောင်မိုးမြင့်တို့ ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။ 

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

ဇာဂနာ
ထောင်တိုင်ရာရောက် ပါဆယ်လိုက်ပို့မယ်ဆိုတဲ့ ကိုဇာဂနာနဲ့ ကိုဥာဏ်ဝင်းအောင် ဆက်သွယ်မေးမြန်းချက် ပထမပိုင်းကို နားဆင်နိုင်ပါတယ်။ 

ဆက်သွယ်မေးမြန်းချက် (၁)။
အသံဖိုင်ယူရန်။

ဇာဂနာ
ထောင်တွင်းဖြတ်သန်းမှု အခြေအနေ၊ လက်ရှိနိုင်ငံရေး အခင်းအကျင်း၊ အနုပညာ ရှေ့လုပ်ငန်းစဉ်တွေကို ကိုဇာဂနာနဲ့ ကိုဥာဏ်ဝင်းအောင် ဆက်သွယ်မေးမြန်းချက် ဒုတိယပိုင်းမှာ နားဆင်နိုင်ပါတယ်။ 

ဆက်သွယ်မေးမြန်းချက် (၂)။
အသံဖိုင်ယူရန်။

စုစုနွေး
“ကျန်နေခဲ့တဲ့ ယုံကြည်ချက်နဲ့ ခံယူချက်နဲ့ အကျဉ်းကျခံနေရတဲ့ ကျမတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေး အတွက်ကို ကျမတို့ ကျန်နေတဲ့သူတွေကတော့ အမြန်ဆုံး လွှတ်ပေးအောင်လို့ ဆက်လက်ပြီးတော့ ကြိုးစားသွားမှာပါ။” 

မစုစုနွေးကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။ 

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

မလွတ်သေးတဲ့ ကိုမင်းကိုနိုင် အမှာစကား ကို ဦးစိန်ဝင်းမောင် ပြောပြ
“သူကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူနဲ့ သဘောထား တထပ်တည်း ရှိတယ်ဆိုတဲ့အကြောင်း ပြောလိုက်ပါတယ်။ “ 

ကိုမင်းကိုနိုင်နဲ့ ကျိုင်းတုံထောင်မှာ ၃ နှစ်ကြာ အတူ အကျဉ်းကျနေခဲ့ပြီး မနေ့က လွတ်မြောက်လာတဲ့ မြန်မာနေရှင်း ဂျာနယ် မန်နေဂျာ ဦးစိန်ဝင်းမောင်နဲ့ RFA ၀ိုင်းတော်သား ကိုကျော်မင်းထွန်း ဆက်သွယ် မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။ 

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

ကိုကျော်ညွန့်နဲ့ ကိုလှစိုး
လူငယ်သမဂ္ဂအဖွဲ့ဝင် ကိုကျော်ညွန့်နဲ့ မန္တလေး အင်န်အယ်လ်ဒီ မြို့နယ် စည်းရုံးရေး ကော်မီတီဝင် ကိုလှစိုးတို့ကို RFA သတင်းထောက် ကိုရဲထက်က ဆက်သွယ် မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။ 

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

မတင်တင်ချို နဲ့ ကိုအောင်ဇော်ဦး
NLD အဖွဲ့ဝင် မရမ်းကုန်းမြို့နယ်က မတင်တင်ချို၊ ပြန်ကြားရေးတာဝန်ယူထားတဲ့ ကိုအောင်ဇော်ဦး တို့ကို RFA သတင်းထောက် ကိုအောင်မိုးမြင့်က ဆက်သွယ် မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။ 

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးကျော်ခင်
ရှမ်းပြည်နယ် တောင်ကြီး တောင်လေးလုံးအကျဉ်းထောင်မှာ ထောင်ဒဏ် ၁၄ နှစ်ကျခံနေရတဲ့ တောင်ကြီးမြို့နယ် အမှတ် ၂ မဲဆန္ဒနယ်မြေက အသက် ၇၂ နှစ်ရှိပြီးဖြစ်တဲ့ ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးကျော်ခင် ကို RFA သတင်းထောက် ကိုအောင်မိုးမြင့်က ဆက်သွယ် မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။ 

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

လူ့အခွင့်အရေး လှုပ်ရှားသူ ကိုမြင့်နိုင်
လူ့အခွင့်အရေး လှုပ်ရှားသူ ကိုမြင့်နိုင် ကို RFA ၀ိုင်းတော်သား ဦးကိုကိုအောင်က ဆက်သွယ် မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။ 

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

ဦးသိန်းလွင်ဦးနဲ့ ဦးအေးချို
ကလေးမြို့ အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာသူ နိုင်ငံရေးအကျဉ်းသားနှစ်ဦးဖြစ်တဲ့ ဦးသိန်းလွင်ဦးနဲ့ ဦးအေးချိုတို့ကို RFA ၀ိုင်းတော်သား ဦးကိုကိုအောင်က ဆက်သွယ် မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။ 

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

မဖြိုးဖြိုးအောင်
မော်လမြိုင် အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာသူ နိုင်ငံရေးအကျဉ်းသားမဖြိုးဖြိုးအောင်ကို RFA ၀ိုင်းတော်သား ကိုနေရိန်ကျော်က ဆက်သွယ် မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။ 

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

မနိုးနိုး
အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာသူ နိုင်ငံရေးအကျဉ်းသား မနိုးနိုးကို RFA ၀ိုင်းတော်သား ကိုဥာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။ 

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

ကိုသက်ဦး
အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာသူ နိုင်ငံရေးအကျဉ်းသား ကိုသက်ဦး ကို RFA ၀ိုင်းတော်သား ကိုနေရိန်ကျော်က ဆက်သွယ် မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။ 

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

ဦးသိန္ဒိတ
ပခုက္ကုမြို့နယ် အနောက်ကျောင်းတိုက်က ဦးဆောင်သံဃာ့တစ်ပါးဖြစ်တဲ့ သက်တော် ၃၃ နှစ် ၀ါတော် ၁၃ ၀ါရှိတဲ့ ဦးဇင်း ဦးသိန္ဒိတ ကို RFA သတင်းထောက် ကိုအောင်မိုးမြင့်က ဆက်သွယ် မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။ 

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

ကိုစောမြင့်နိုင်
တောင်ငူအကျဉ်းထောင်က လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား ကိုစောမြင့်နိုင် ကို RFA သတင်းထောက် ကိုမိုးကျော်က ဆက်သွယ် မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။ 

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

ဦးသန်းဝင်း
မန္တလေး အကျဉ်းထောင်က လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား ဦးသန်းဝင်း ကို ကိုခင်မောင်စိုးမင်းက ဆက်သွယ် မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။ 

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

ကိုမင်းအောင်နဲ့ ကိုလှိုင်မျိုး
ကလေး အကျဉ်းထောင်က လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား ကိုမင်းအောင်နဲ့ ကိုလှိုင်မျိုး တို့ကို ကိုခင်မောင်စိုးမင်းက ဆက်သွယ် မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။ 

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
Categories: News, Special Programs

အောက်တိုဘာလ ဒုတိယပတ် ရုပ်သံသတင်း

October 14, 2011 Leave a comment
Categories: Multimedia
Follow

Get every new post delivered to your Inbox.